Blog System


ယခုလို dynamic Blog system မှာတော့ news နဲ့ website တစ်ခု မှာ မဖြစ်မနေ ပါဝင်ရမဲ့ Login/Logout system ၊ Register system ၊ Comment system ၊ Admin Panel စတာတွေပါဝင်ပါမယ်။

news မှာတော့

အသင်း၏ လက်ရှိ အဖြစ်အပျက်

အနာဂတ် အကြောင်းအရာ

ကစားသမား များ၏ နေ့စဉ် အစားအသောက် နှင့် နေ့စဉ် လေ့ကျင့်မှု စသည်များကို categories အလိုက် ခွဲခြား၍ တင်ပြထားပါမည်။

Login/Logout နှင့် Register system ပါရှိခြင်းဖြင့် အသင်း၏အမာခံ ပရိသတ်များကို အလွယ်တကူ သိရှိနိုင်ပါသည်။

Comment system ပါရှိခြင်းဖြင့် ပရိတ်သတ် များ၏ ဝေဖန်မှုများ ကို လက်တွေ့ကျကျ တွေ့မြင်၍ မွမ်းမံသင့်သည်များကို အလွယ်တကူစဉ်းစား နိုင်လာမည်။

Admin Panel ပါရှိခြင်းဖြင့် မည်သူ့ အကူအညီမှ မလိုဘဲ သာမန် user တစ်ယောက်တောင် website တစ်ခုလုံးကို အလွယ်တကူ စီမံအုပ်ချုပ်နိုင်ပါမည်။

Social Pack (ပါဝင်သင့်)


မိမိ website မှ post တင် လိုက် သည် နှင့် facebook, twitter, google plus စ သည့် social site များတွင် လည်း တပြိုင်တည်း အချိန် နှင့် တပြေးညီ ရောက်ရှိသွားပါမည်။

twitter နှင့် google plus ကို မသုံးပါက 1 Lakh သာ ကျသင့်ပါမည်။

Player and Coach Biography (ပါဝင်သင့်)


အသင်း တွင် ပါဝင်သည့် နည်းပြအဖွဲ့ဝင်များ နှင့် ကစားသမားများ ၏ တဦးချင်း profile အကျဉ်းကို photo နှင့် တကွဖော်ပြပေးပါမည်။

Collector Shop


ecommerce system တခုလုံး ပါဝင်ပါမည်။ PayPal, VISA, MASTER and MPU card များ နှင့် ငွေပေးငွေယူ လုပ်ဆောင်နိုင် ပါမည်။ ယခုကဲ့သို့ website မျိုးကို သီးသန့် တည်ဆောက်ပါ က 20 Lakh ကျ သင့်ပါမည်။

ထိုသို့မဟုတ်ဘဲ လူကြီးမင်းတို့ ၏ soccer website အတွင်း တွင် ပူးတွဲ ထည့်သွင်း လိုပါက 15 lakh ကျသင့် ပါ မည်။

အထက်ပါ ecommerce system ကို မသုံးဘဲ ရောင်းလိုသည့် ပစ္စည်း များ နှင့် ဈေးနှုန်း ကို သာ ဖော်ပြ၍ ငွေပေးငွေယူ ကိစ္စများ ကို မိမိ နည်း မိမိဟန် ဖြင့်သာ လုပ်ဆောင်မည်ဆိုပါက 3 Lakh သာ ကျသင့် ပါမည်။

Online Sell Tickets System


Online မှ နေ၍ ပွဲစဉ်လက်မှတ် များကို ကြိုတင် ရောင်းချ နိုင်ပါမည်။ အကယ် ၍ ecommerce system သုံး မည် ဆို ပါ က ယခု system မလိုအပ် တော့ပါ။

Table Statistics


လူကြီးမင်း တို့အသင်း ပါဝင်သည့် League ပွဲ စဉ်များ ၏ အမှတ် ပေး ဇယား များ ကို ဖော်ပြပေး ပါမည်။

Match System


လူကြီးမင်း တို့အသင်း နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် အဖြစ်အပျက် အကျဉ်းချုပ် ကို ဖော်ပြပေး ပါမည်။ (Last game statistics)

လူကြီးမင်း တို့အသင်း ကစားရန်ရှိ သည့် နောက် ပွဲ စဉ် နှင့် ပွဲစဉ် အချိန် ကို ဖော်ပြပေး ပါမည်။ (next match)

Localization


လူကြီးမင်း တို့ website ကို ကြိုက်နှစ်သက် ရာ ဘာသာစကား ဖြင့် ဖော်ပြ နိုင်ပါသည်။ ဘာသာစကား တစ်ခု တိုးတိုင်း ငွေကျပ် တစ်သိန်း ထပ်မံပေးဆောင်ရပါမည်။

Fan zone (ပါဝင်သင့်)


အသင်း မူပိုင် သီချင်း နှင့် အမှတ်တရ ဓါတ်ပုံ များ video များ player များ ၏ ရင်ဖွင့် စကား များ ပျော်ရွင်ဖွယ် အကြောင်းအရာ များ ကို အသင်း၏ ပရိတ်သတ်များ download ဆွဲ ၍ မျှဝေ ခံစား နိုင် ရန် ဖော်ပြပေး ပါမည်။

^